အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ၏ ASEAN ခရီးစဉ်တွင် မြန်မာနိုင်ငံအရေး အဓိကထားဆွေးနွေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet သည် ASEAN နိုင်ငံများဖြစ်သော ထိုင်း၊ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ လာရောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအရေးကို ဦးစားပေးဆွေးနွေးသွားမည် ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အောက်တိုဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပိုမိုဆိုးဝါးလာသောမြန်မာနိုင်ငံ၏ အခြေအနေပေါ်တွင် ဦးစားပေးဆွေးနွေးသွားမည်ဖြစ်ပြီး၊ အမေရိကန်အနေဖြင့် လွတ်လပ်မှုနှင့် ဒီမိုကရေစီကို လိုလားသော မြန်မာနိုင်ငံသားများကို ထောက်ခံကြောင်း ထပ်မံပြောဆိုလိုသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်အာဏာရှင်လက်အောက်မှာ တစ်ရက်တောင်ထပ်မနေနိုင်ဘူးဆိုတာကို ဆက်လက်ပြသလျက်ရှိတာကို အမေရိကန်အနေနဲ့ ထောက်ခံအားပေးတယ်” ဟုလည်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၁

#HTY_Information

တရုတ်နှင့် ရုရှားမှ စစ်သင်္ဘောများ ပူးပေါင်း၍ ဂျပန်နိုင်ငံအနီး ရေလက်ကြ...

HTY Information 1 month ago

သြဂုတ်လအတွင်း KNU ထိန်းချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း နှစ်ရာကျော် ဖြစ်ပွ...

HTY Information 2 months ago

လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်း (၃) မြို့နယ်တွင် အထူးကြပ်မတ်စစ...

HTY Information 2 months ago

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ ဟန်မောက်အထည်ချူပ်စက်ရုံပိတ်...

HTY Information 5 months ago

ထိုင်ဝမ်အနေဖြင့် ကုလသမ္မဂကို ဝင်ရောက်ခွင့်မရှိဟု တရုတ်မှ အခိုင်အမာငြင်...

HTY Information 1 month ago