အမေရိကန်နှင့် ကနေဒါမှ ထိုင်ဝမ်သို့ ဒုံးကျည်ဖျက်စစ်သင်္ဘောများထပိမံစေလွှတ်၊ တရုတ်မှ ပြင်းပြင်းထန်ထန်ရှုံ့ချ

အမေရိကန်နှင့် ကနေဒါမှ ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောတစ်စင်းစီ စေလွှတ်ခဲ့ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းချောက်နေခြင်းဖြစ်သည်ဟု ဆိုကာ တရုတ်စစ်တပ်မှ ရှုံ့ချကြောင်း ယမန်နေ့ အောက်တိုတာ ၁၇ ရက်နေ့က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဒီမိုကရေစီစိုးမိုးသော ထိုင်ဝမ်ကို ၎င်းတို့၏နယ်မြေဖြစ်သည််ဟု တရုတ်မှ သတ်မှတ်တောင်းဆိနေခြင်းဖြစ်ပြီး၊ ထိုင်ဝမ်၏ လေပိုင်နက်အတွင်းသို့ တရုတ်လေတပ်မှ တိုက်ခိုက်မှုမစ်ရှင်များ မကြာခဏစေလွှတ် ခြိမ်းခြောက်နေခြင်း ဖြစ်သည်။

အောက်တိုဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ၊ လေးရက်တာအတွင်း တရုတ်မှ လေယာဉ်အစင်းပေါင်း (၁၅၀) ကို ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ စေလွှတ်ခဲ့သည့်အတွက် အခြေအနေပိုမိုတင်းမာလာခဲ့ခြင်းဖြစ်သည်။

အမေရိကန်မှ USS Dewey ဒုံးကျည်ဖျက်သင်ေ္ဘာနှင့် ကနေဒါမှ HMCS Winnipeg စစ်သင်္ဘောတို့ကို ထိုင်ဝမ်ရေလက်ကြားသို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၄၊၁၅ ရက်နေ့များတွင် စေလွှတ်ခဲ့သည်ဟု အမေရိကန်စစ်တပ်မှ ထုတ်ဖော်ပြောကြားခဲ့သည်။  

“အမေရိကန်နဲ့ မဟာမိတ်များအနေနဲ့ မိတ်ဖက်နိုင်ငံများကို လွတ်လပ်တဲ့ အင်ဒို-ပစိဖိတ် နယ်မြေကိုရရှိနိုင်ဖို့အတွက် ကတိကဝတ်ပြုတဲ့အနေနဲ့ Dewey နဲ့ Winnipeg တို့ကို ထိုင်ဝမ်ရေလက်ကြားကိုစေလွှတ်ရခြင်းဖြစ်တယ်" ဟု အမေရိကန်စစ်တပ်မှ ပြောကြားခဲ့သည်။

"အမေရိကန်နဲ့ ကနေဒါတို့က ပြသနာရှာ ရန်စေနခြင်းဖြစ်တယ်။ ထိုင်ဝမ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ေရးကို ပြင်းပြင်းထန်ထန် ခြိမ်းချောက်် အန္တာရယ်ပေးနေခြင်းလည်းဖြစ်တယ်။ ထိုင်ဝမ်က တရုတ်အပိုင်ဖြစ်တဲ့အတွက် ရန်စခြိမ်းချောက်လာတာတွေကို သေချာစောင့်ကြည့် တုန့်ပြန်သွားမယ်" ဟု တရုတ်ပြည်ဘက်မှ ပြန်လည် တုန့်ပြန်ခဲ့သည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၁

#ဓာတ်ပုံ - အမေရိကန်ပိုင် ဒုံးကျည်ဖျက်သင်္ဘော 

USS Dewey

#Thaiwan

#China

#American

#Canada

#HTY_Information


ပူတာအို တန်ဂျာကျေးရွာအနီးတွင် လုံခြုံရေးယူလာသည့်စစ်ကောင်စီယာဉ်တန်းကို...

HTY Information 3 months ago

သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်လုံခြုံရေးကို ကာကွယ်ပေးဖို့ ခက်ခဲလာတာကြေ...

HTY Information 4 months ago

သတ်ဖြတ်ခြင်း မီးရှို့ဖျက်ဆီးခြင်းများနှင့် မိုင်းခွဲတိုက်ခိုက်ခြင်းမျာ...

HTY Information 2 months ago

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ ဟန်မောက်အထည်ချူပ်စက်ရုံပိတ်...

HTY Information 5 months ago

ဈေးကွက်တွင်း ဒေါ်လာဈေး ၂၀၀၀ ကျော်ရှိနေသည်ကိုပင် ငွေလဲနှုန်းအကျပ်အတည်းထ...

HTY Information 1 month ago