HTY Information 3 months ago

အမေရိကန်အပါအဝင် ၄နိုင်ငံပူပေါင်းထားသော Quad အဖွဲ့ရဲ့ Malabar 21စစ်ဆင်ရေးကို မြန်မာရေပိုင်နက်အနီးလေ့ကျင့်နေ

အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့ပါဝင်သည့် Quad အဖွဲ့၏ Malabar 21 ဟုအမည် ပေးထားသော စစ်ရေးလေ့ကျင်မှုကို အောက်တိုဘာလ (၁၂)ရက်နေမှစ၍ မြန်မာရေပိုင်နက်အနီးဘင်္ဂလားပင်လယ်အော်မှာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

အဆိုပါ Quad အဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို အမေရိကန်က လေယာဉ်တင် သင်္ဘောကြီး USS Carl Vinson က ဦးဆောင်ကာ ကျန်အဖွဲ့ဝင်နိုင်ငံများကလည်း ရေတပ်စစ်သင်္ဘောများဖြင့် ပူးပေါင်းပါဝင် ပြုလုပ်လျက်ရှိတယ်လို့ သိရပါသည်။

ဒါ့ပြင် Quad အဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ ၁၂ရက်နေ့မှ အောက်တိုဘာလ ၁၅ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယရေတပ်၊ အမေရိကန်ရေတပ်၊ သြစတြေးလျတော်ဝင်ရေတပ်နဲ့ ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်တို့ ပါဝင်ပြီး ၎င်းလေ့ကျင်မှုတွင် ရေငုပ်သင်္ဘောများလည်း ပါဝင်မှာဖြစ်တယ်လို့ အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၁


#Quad

#Malabar21

#HTY_Information

ထန်းတပင် (တာဆုံ)စစ်ဆေးရေးဂိတ် ဝင်ရောက်စီးနင်းပစ်ခတ်ခံရ၍ ရဲ (၃) ဦးသေဆုံ...

HTY Information 2 months ago

စင်္ကာပူမှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ သိန်း ထောက်ပံ့မည်

HTY Information 5 months ago

လွိုင်ကော်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် KNDF နှင့် ပြည်သူ့ကာကွယ်ရေး ပူး...

HTY Information 3 months ago

အာဏာသိမ်းစစ်ကောင်စီလက်ထက် ကမောက်ကမဖွင့်လှစ်ခဲ့သောစာသင်ကျောင်းများ(၃)လက...

HTY Information 2 months ago

မြောက်ဒဂုံရဲစခန်းအနီးနှင့် မင်္ဂလာဒုံ တပ်မတော်နို့ချက်စက်ရုံအနီးတို့တွ...

HTY Information 4 months ago