HTY Information 2 months ago

အာဖရိကအနောက်ပိုင်းရှိ ဂီနီနိုင်ငံတွင် သမ္မတကိုဖမ်းဆီးပြီး စစ်တပ်မှအာဏာသိမ်း

ယမန်နေ့စက်တင်ဘာ (၅) ရက် မနက်အစောပိုင်းတွင် ဂီနီနိုင်ငံမြို့တော်၌ သေနတ်သံများအဆက်မပြတ်ပေါ်ထွက်လာပြီးသည့်နောက် နိုင်ငံ၏သမ္မတဖြစ်သူ Alpha Conde’ ကို နိုင်ငံစစ်တပ်မှ ဖမ်းဆီးခဲ့ပြီး၊ စစ်တပ်ခေါင်းဆောင်မှ လက်ရှိအစိုးရကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး စစ်တပ်မှအာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းမှတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သမ္မတ Alpha Conde’ မှ နိုင်ငံ၏ အာဏာကို ဆက်လက်သိမ်းပိုက်ထားနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပြီးနောက် အောက်တိုဘာ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် တတိယအကြိမ်မြောက် အနိုင်ရခဲ့ပြီး သမ္မတနေရာတွင် ဆက်လက်ရှိနေခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အဟောင်းအရ သမ္မတဖြစ်သူသည် ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက်သာ ရာထူးထမ်းဆောင်နိုင်ခွင့် ရှိခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးကို လူပုဂ္ဂိုလ်တစ်ယောက်ပေါ်မှာ အပ်နှင်းထားဖို့ ယုံကြည်မှုမရှိတော့ဘူး။ ပြည်သူတွေပေါ်မှာ အပ်ထားဖို့တစ်ခုတည်းအတွက် ဒီလိုလုပ်ရခြင်း ဖြစ်တယ်။ စစ်သားတွေရဲ့အလုပ်က နိုင်ငံကိုကယ်တင်ဖို့ပဲ” ဟု စစ်တပ်ခေါင်းဆောင်မှ နိုင်ငံပိုင် ရုပ်သံလိုင်းမှ ကြေညာခဲ့သည်။

ယခုအကြိမ်သည် ဂီနီနိုင်ငံတွင် တတိယအကြိမ်အာဏာသိမ်းခြင်းဖြစ်ပြီး ၁၉၈၄ နှင့် ၂၀၀၈ ခုနှစ်များတွင်လည်း စစ်အာဏာသိမ်းမှု နှစ်ကြိမ်ရှိခဲ့သည်။ Alpha Conde’ သည် နိုင်ငံ၏ ပထမဆုံးသော ဒီမိုကရေစီအရ ရွေးကောက်တင်မြောက်ထားသည့် သမ္မတဖြစ်သည်။ Alpha Conde’ ၏ အစိုးရတက်လာပြီးနောက်ပိုင်းတွင် ဂီနီနိုင်ငံသည် အလူမီနီယမ်ထုတ်လုပ်ရေးအတွက် ဘောက်ဆိုက်သတ္တုများ တင်ပို့သည့် အဓိကနိုင်ငံဖြစ်လာခဲ့ပြီး၊ သတ္ထုထုတ်လုပ်ရေးလုပ်ငန်းများကြောင့် ကျေးလက်ဒေသများရှိ ဂီနီပြည်သူများ၏ အသက်များနှင့် နေထိုင်မှုဘဝများ ကမောက်ကမ ဖြစ်ခဲ့ရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့အစည်းများမှ ပြောကြားခဲ့သည်ဟုလည်း The New York Times ၏ ဖော်ပြချက်အရ သိရသည်။

ဂီနီနိုင်ငံ အာဏာသိမ်းမှုနှင့် ပတ်သတ်၍ ကုလသမ္မဂမှ “ပြင်းပြင်းထန်ထန်ရှုံချပြီး၊ အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်” ဟု ထုံးစံအတိုင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ဂီနီနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁

HTY Information 

#Photo_InternationalMedia - ပထမဆုံးပုံသည် သမ္မတကို စစ်သားများမှ ဖမ်းဆီးထားသည့် ပုံဖြစ်သည်။ 

#Guinea

#GuineaCoup

#HTY_Information

မြန်မာနိုင်ငံဟာ ပုံမှန်အခြေအနေပြန်ဖြစ်နေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်...

HTY Information 1 month ago

ပြည်သူများဝင်ထွက်ခွင့်မရှိသည် မြဝတီမြို့က ကြံ့ခိုင်ရေးရုံးအတွင်မှာ ပေါ...

HTY Information 2 months ago

UN တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြ...

HTY Information 2 months ago

လှိုင်သာယာမြို့နယ် (၅)ထိပ် မြို့မရဲစခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ...

HTY Information 2 months ago

ရုရှားအရှေ့ဖျားတွင် ခရီးသွားများတင်ဆောင်လာသော ရဟတ်ယျာဉ်ပျက်ကျခဲ့မှု (၈...

HTY Information 3 months ago