အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့နှင့်မဆို လက်တွဲပြီး အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်မည်ဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို မြှင့်တင်ရန် ခိုင်မာသော ကတိကဝတ်နှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင် သော မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင်စနစ် အားလုံးကို ဆန့်ကျင်တော် လှန်သွား မည်ဖြစ်ကြောင်း KNU က ထုတ်ပြန်သည်။

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရယူလိုသည့် မည်သူကို မဆို တက်နိုင် သည့်ဘက်က ကူညီပံ့ပိုးပေးပြီး နှစ်ရှည်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်၏ မူလဇစ်မြစ်ကို ဖြေရှင်းရန်နှင့် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ဆောင်ကြဉ်းရန် နောက်ထပ် ဖြေရှင်းရေးနည်းလမ်းသစ်များအား ဆက်လက်ရှာဖွေလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

ပြည်သူလူထုများအနေဖြင့်လည်း လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် မိမိတက်နိုင်သည့်ဘက်က နည်းမှန်လမ်းမှန်ဖြင့် ကူညီထောက်ခံကြောင်း ထုတ်ဖော်ပြသပေးရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


စတင်ဘာလ ၄ ရက်၊ ၂၀၂၁


#ကရင်အမျိုးသားအစည်းအရုံး

#KNU

#HTY_Information

ရန်ကုန် တောင်ဥက္ကလာပမြို့နယ် ထွေအုပ်ရုံးတွင် ဗုံးပေါက်၍ ရုံးရှိကားတစ်စ...

HTY Information 3 months ago

လှိုင်သာယာမြို့နယ်တွင်း စက်ရုံအလုပ်ရုံအများစု ပိတ်သိမ်း

HTY Information 7 months ago

Tianjin Fashion အထည်ချုပ်စက်ရုံအပါအဝင် စက်ရုံအလုပ်ရုံအများ ပိတ်သိမ်း၍အ...

HTY Information 6 months ago

တူရကီ၊ ဂရိ၊ အီတလီ၊ စပိန် နိုင်ငံများတွင် အပူချိန်မြင့်မားမှုကြောင့် တ...

HTY Information 3 months ago

စစ်အုပ်ချုပ်ရေးကြေညာချက်ထုတ်ပြန်ထားသော လှိုင်သာယာတွင်နေ့စဉ် ခိုးမှု၊ လ...

HTY Information 2 months ago